ဦးဒတ္တသည် မန္တလေးမြို့ရှိ နာမည်ကြီးစာသင်တိုက်တစ်တိုက်မှ ဇာတိသို့အပြန် မိတ္ထီလာသို့ရောက်သော် မနက်စာအတွက် လဘက်ရည်ဆိုင်သို့ဝင်၍ စားစရာနှင့် လဘက်ရည်မှာလေ၏။
ဦးဒတ္တ။ ။ ဟေ့စားပွဲထိုး လဘက်ရည်တစ်ခွက်ချကွာ။
စားပွဲထိုး။ ။ ဘယ်လိုဖျော်ရမလဲ ဦးဇင်းဘုရား။
ဦးဒတ္တ။ ။ ကျဆိမ့်ရှယ်လုပ်ကွာ။
သူများတွေမှာသံနားထောင်ပြီးမှာလိုက်မိခြင်းပါ။ မန္တလေး၌နေစဉ် စာသင်သားဘ၀ဆိုတော့ ငွေးရေးကြေးရေး အခြေအနေအရ ရိုးရိုးကျဆိမ့်ကိုပဲ သောက်ဖူး၏။ ယခုတော့ အသစ်အဆန်းလေး ဖြစ်သွားအောင် မှာလိုက်ခြင်းပင်။ စားပွဲထိုးလဲ ကျဆိမ့်ရှယ် တစ်ခွက်ယူ၍ လာချပေးလေတော့၏။
ဦးဒတ္တ။ ။ မင်းကိုငါမှာတာ ကျဆိမ့်လေ၊ ဘာတွေလာချတာလဲ။
စားပွဲထိုး။ ။ အဲဒါကျဆိမ့်ပါပဲဘုရား။
ဦးဒတ္တ။ ။ မဟုတ်ဘူး ငါ မန္တလေးမှာသောက်ဖူးတယ်၊ ကျဆိမ့်က ဒီအရောင်မဟုတ်ဘူးကွ။
ဒီလိုနဲ့ စားပွဲထိုးနဲ့ ငြင်းခုန်နေတော့၏။ ဆိုင်ရှင်ကိုယ်တိုင်ထွက်ရှင်းပြတော့မှ ဦးဒတ္တလဲ အင်း ကျဆိမ့်ဆို လဲသောက်တာပေါ့ကွာဆိုပြီး သောက်လိုက်တော့၏။
ခါးသက်သက်အရာသာသည် ဦးဒတ္တ၏လျှာပေါ်တွင် စွဲထင်နေတော့၏။ မွှေရမည်ကို မသိပဲသောက်မိတာကိုး။ မိတ္ထီလာ လက်ဘက်ရည်ကျဆိမ့်က ခါးသဟ.. တဲ့ ဦးဒတ္တမှက်ချက်ပြု၏။ လက်ဘက်ရည်ကုန်ခါနီးတော့ အောက်ပိုင်းမှာ နို့ဆီခံထားတာကို တွေ့တော့မှ ဇွန်းနဲ့ခပ်စားရင်း.........
မဆိုးဘူးဟ မိတ္ထီလာ ကျဆိမ့်က နှစ်မျိုးသောက်ရတာကိုး........... ဟူလို။
(ဖြစ်ရပ်မှန်လေးကို နာမည်လွှဲပြောင်း၍ ရေးသားခြင်းပါ။ ကာယကံရှင်ထံမှလဲ ခွင့်တောင်းပြီးဖြစ်၏။ နောက်လဲ ဦးဒတ္တ၏အလွဲများ လာစရာရှိပါသေးသည်။ )
No comments:
Post a Comment