Monday, July 12, 2010

ကဗျာခံစားမှု



ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင့်မိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ

ဟိုးမှာ
ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေဒူးထောက်လဲကျနေတဲ့သူ
သူ့ကိုကူညီပါရစေဦး

ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်

တစ်နေ့တော့ တွေ့ကြမယ်
နှစ်ဘက်ဓားသွားတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလဲ ငါအိပ်ခဲ့ပြီးပြီ

အိမ်ပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ်
ငြိမ်းချမ်းရေးနှင်းဆီ
ငါ့ရင်ဘက်မှာ
သွေးတစ်စက်လိုနီနေတယ်

ချစ်သူကလေးရေ
မြို့တံခါးကိုဖွင့်
မီးအိမ်တို့နဲ့အတူကြိုပါ
လရောင်စက်တဝေေ၀နဲ့

သင့်ရဲ့ နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ကြယ်ကို
ခူးယူလာမှာပေါ့ကွယ်

(တာရာမင်းဝေ)

No comments:

Post a Comment