Monday, March 29, 2010

အာသေ၀လာစ ဗာလာနံ နှင့် ပညာရှိသားအဖ



အသေ၀လာစ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာစ ပူဇနေယျာနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

လူမိုက်ဆိုလျှင်ရှောင်သွေလွဲလို့ မမှီဝဲနှင့်ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ၊ သုံးပါးရတနာမိဘများနဲ့ ဆရာသမားကို ပူဇော်လေ၊ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာပေ။

ငယ်စဉ်ဘ၀ ဆရာသမားများထံမှာ သင်အံခဲ့ရတဲ့ စာ။ စာကိုစာလိုပဲ သင်အံခဲ့တယ်၊ စာရဲ့သဘော၊ စာရဲ့ သရုပ်ကို မခွဲထုတ်နိုင်ခဲ့ပါဘူး။ လူမိုက်ဆိုတာကို ကိုယ့်ရဲ့နုနယ်တဲ့အတွေးမှာ ညနေခင်း ထန်းရည်မူးပြီး ရွာရိုးကိုးပေါက်လျှောက်ဆဲတက်တဲ့ လူကြီးပဲလို့မြင်မိတယ်။ ပညာရှိဆိုတာကတော့ ရွာဦးကျောင်း ဆရာတော် ဘုရားနဲ့ ရွာထဲမှ စာပေဗဟုသုတအင်မတန်ရှိပြီး ဆိုဆုံးမတက်တဲ့ ရွာရဲ့ နိဗ္ဗာန်ဆော်ကြီးပေါ့။ ရတနာသုံးပါးနဲ့ မိဘဆရာသမားကို ရိုသေကိုင်းရှိုင်းရမယ်ဆိုတာတော့ မိရိုးဖလာ ဘာသာရေးအသိလေးနဲ့ သိတက်၊ ပြုမူတက်တယ်ပေါ့။

ဒီလိုနဲ့ လူမိုက်နဲ့လူလိမ်မာ ဘယ်ဟာလဲခွဲခြားတက်ဘို့ စာပေတွေသင်၊ ဗဟုသုတတွေ အရှာထွက်ခဲ့မိတယ်။ ခွဲခြားတက်ပြီလား ဆိုတော့လဲေ၀၀ါးဝါးနဲ့။ တစ်ရက် သားအဖနှစ်ယောက်ရဲ့ အဖြစ်အပျက်လေးက လူမိုက်နဲ့ လူလိမ်မာ ဆိုတာကို ရှင်းလင်းစေခဲ့ပြီး ဘယ်လိုခွဲခြားသင့်တယ် ဆိုတာကို သိစေခဲ့တယ်။ စာတက်သွား တယ်ဆိုပါတော့..........

ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်.....
သားဖြစ်သူဟာ ဆိုးပေတေပြီး မိုးလင်းမိုးချုပ်အရက်သောက်၊ အလုပ်ကိုလက်ကြော တင်းအောင် မလုပ်ပဲ မိဘလုပ်စာကို ထိုင်စားနေတဲ့ သနားကမားသားမိုက်လေးပေါ့။ နေ့စဉ်ရက်ဆက် ဆိုတော့လဲ အဖေလုပ်သူဟာ သည်းမခံနိုင်တော့ဘူး၊ သူကိုယ်တိုင်ကတော့ ဘာသာတရားကိုင်းရှိုင်းပြီး ရပ်ရေးရွာရေးတွေမှာ အားတက် သရောလုပ်နေပါလျှက်နဲ့ သားရဲ့ အနေအထိုင် မတက်မှုတွေအတွက် နာမည်ပျက်ရတယ်ပေါ့။

တစ်ရက် သားဖြစ်သူမူးပြီးပြန်လာတယ်ဆိုရင်ပဲ........
အဖေ။ ။ မင်းအိမ်ပေါ်ကဆင်းသွား မင်းမျက်နှာငါမမြင်ချင်ဘူး၊ အသေ၀လာစ ဗာလာနံ တဲ့ ဘုရားဟေားထားတာရှိတယ် မင်းလိုလူမိုက်နဲ့တော့ မပေါင်းနိုင်ဘူး သွားခုဆင်း...
ဆိုပြီးသားကိုနှင်ချတယ်။

သား။ ။ ဘုရားဟောထားတာပဲတယ် အဖေ၊ ပဏ္ဍိတာနဉ္စ သေ၀နာ တဲ့၊ အဖေလိုပညာရှိကိုမှ မပေါင်းသင်းရရင် သားက ဘယ်သူ့ကိုသွားပေါင်းရမှာလဲ အဖေ...
ဆိုပြီး ခွန်းတုံ့ပြန်တယ်ဆိုရင်ပဲ ပညာရှိသားအဖဟာ တစ်အိမ်ထဲမှာ အတူတူနေဖြစ်သွားတယ်ပေါ့။

ပုံပြင်လေးကတော့ ဒါပါပဲ။
အာသေ၀လာစ ဗာလာနံ
ပဏ္ဍိတာနဉ္စ သေ၀နာ

No comments:

Post a Comment