Thursday, September 16, 2010

သမိုင်းတစ်ပတ်လည်ခြင်း



သမိုင်းတစ်ပတ်လည်ခြင်း

အဖေ။ ။ (သူ့သားရဲ့ ဆရာကို) ကျောင်းမှာ ကျွန်တော့သားရဲ့ အခြေအနေက ဘယ်လိုလဲ ဆရာ၊ ကျွန်တော် ကျောင်းသားဘ၀မှာတော့ ကျွန်တော့ အခြေအနေက အရမ်းဆိုးတယ်။

ဆရာ။ ။ အင်း.. ကျွန်တော်ပြောနိုင်တာကတော့ သမိုင်းဟာ သူ့ဟာသူ တစ်ပတ် ပြန်လည်လာတယ် ဆိုတာပါပဲ။


အမှတ်အသား ပြန်ပေးတာ

ကောင်လေးတစ်ယောက်ဟာ လှပတဲ့ကောင်မလေးတစ်ယောက်ကို ကြာပန်းပေးတယ်၊ ဒါပေမဲ့ ကောင်မလေးက သူ့ကို ပါးရိုက်လိုက်တယ်။

ကောင်လေး။ ။ ငါ့ကို ဘာလို့ပါးရိုက်တာလဲ၊ မင်းကို ကြာပန်းလေးပဲ ပေးမိတာပါ။

ကောင်မလေး။ ။ ရှင့်ကို တစ်ခုပြန်ပေးတာပါ၊ ရှင်က BJB ပါတီရဲ့ အမှတ်အသားဖြစ်တဲ့ ကြာပန်း ပေးတော့၊ ကျမလဲ Congress ပါတီရဲ့အမှတ်အသား (လက်ဝါး) ပြန်ပေးတာလေ။


အသက် ပြည့်ချိန်

လက်မှတ်စစ်။ ။ ဆယ့်နှစ်နှစ်အောက်ကလေးတွေပဲ လက်မှတ်မပါပဲ ခရီးသွားလို့ရမယ်။ မင်းအသက် ဘယ်လောက်လဲ။

ကလေး။ ။ ဆယ့်တစ်နှစ်၊ ဆယ့်တစ်လ၊ နှစ်ဆယ့်ကိုးရက်နဲ့ နှစ်ဆယ့်သုံးနာရီပါ ခင်ဗျာ။

လက်မှတ်စစ်။ ။ ဘယ်တော့ ဆယ့်နှစ်နှစ် ပြည့်မလဲ။

ကလေး။ ။ ဘက်စ်ကားပေါ်က ဆင်းရင် ပြည့်ပါပြီ ခင်ဗျာ။


လွန်ခဲ့ပြီ

ဆရာမ။ ။ '' I am beautiful.'' အဲဒါ ဘာ tense လဲကွယ်။

ကျောင်းသား။ ။ past tense ပါ ဆရာမ။



သူငယ်ချင်းကောင်း

ပရာဒိ(ပ်)။ ။ ငါးမိန်းမတော့ ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ထွက်ပြေးသွားပြီကွာ။

ဗီဗေး(က်)။ ။ မင်းသူငယ်ချင်းက ရုပ်ချောပြီး အရမ်းချမ်းသာလို့လား။

ပရာဒိ(ပ်)။ ။ မသိဘူးကွာ၊ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးတာ။



No comments:

Post a Comment