အဲဒီညလေးပေါ့
လမင်းလေးကိုတွေ့ရဖို့
ငါထွက်လာခဲ့တယ်
ချိန်းဆိုချက်တော့မရှိပါဘူး
မျက်ခင်းပေါ် ကျောဆန့်ရင်း
ကောင်းကင်ကြီးကို
မျက်လုံးဝေ့လို့
လမင်းကိုလိုက်ရှာမိတယ်
တိမ်တွေကွယ်ဝှက်ထားတော့
ငါ မတွေ့ရဘူးပေါ့
အစကတော့
သူ့ကိုနမ်းရှိုက်ဖို့ပါပဲ
တိမ်တိုက်တွေရဲ့နောက်မှာ
သူ့မျက်နှာလေးဝှက်လို့
ရှက်နေလိုက်ပုံများ
သနားသွားတယ်
အဲဒီညလေးပါပဲ
မှောင်မိုက်မိုက်ထဲမှာ
ငါ
တစ်ယောက်တည်း
ဝမ်းနည်းလိုက်တာ
(လောကီနံ့မကင်းဘူးနော်)
2 comments:
လောကီနံ့မကင်းတာလေးကိုက...
လောကီနံ့လေး...မကင်း...တာကိုက...
လောကီနံ့မကင်း..ဖြစ်နေတာလေးကိုက...။
မကင်းတာလေးကို သိလိုက်တာကိုက ကင်းနေတာလို့ မြင်မိတယ်။ အဓိက က သိဖို့ပဲ မဟုတ်ဘူးလား။
Post a Comment