Monday, May 3, 2010

လောကီ သက်သက်


သပိတ်မပါတဲ့ ပရိက္ခရာနည်းနည်း
အိုင်တီ ပစ္စည်းအချို့ရယ်
ကိုယ်နဲ့တစ်ပါတည်းသယ်လို့
မိဂဒါဝုန်တောတွင်း
ခိုဝင်နားမိပေါ့

အသီးသီးရှာဖွေတွေ့ရှိခဲ့တဲ့
သစ္စာတရားတွေ စိုက်ပျိုးတဲ့နေရာမှာ
ကိုယ်တိုင်ဟာ
ရှာဖွေနေသူတော့မဟုတ်တော့
စားသုံးသူစာရင်းထဲမှာ
မပါနိုင်ခဲ့ဘူး

ဖတ် မှတ် ကျက်
သုံးလုံးနဲ့
ဘ၀တစ်ခုလုံးကို မြှုပ်နှံလို့
အောင်မြင်ခြင်းမနက်ဖြန်တွေ
လှပစွာပွင့်လန်းနိုင်ဖို့အရေး
တွေးရင်း တွေးရင်း
ဘ၀မိုးလင်းအောင်တော့
စောင့်ရဦးတော့မယ်


No comments:

Post a Comment